အီးမေးလ်မှာဖတ်ချင်ရင်အောက်မှာSign In(Menber)ဝင်ကြပါလို့တောင်းဆိုပါရစေ။

Sunday, 20 May 2012

ပုံရိပ်ချစ်သူ

http://dl8.glitter-graphics.net/pub/350/350758hgthp12u5o.gif

ပြာရီလင်းလက် ထက်ကောင်းကင်ဝယ်
အတွေးပုံရိပ် ရဲ့ရဲ့ထင်တယ်
ချစ်သူလေလား ထင်ယောင်မှားနဲ့
ယောင်ယမ်းပြီးတော့ ကြည့်မိတယ်
ငါချစ်သောသူ ဖြစ်လိမ့်မည်ဟု
ဝမ်းသာကြည်နူး ရင်မှာလူးလွန့်
လှူပ်ခပ်လို့လဲ ဖြစ်ဖူးတယ်။

ကြည်လင်သန့်စင် ရေပြင်ထက်ဝယ်
ငါ့အားမြတ်နိုး ချစ်ခင်နိုးဖြင့်
ပြုံးရိပ်စစ ပုံရိပ်တွေလဲထင်ခဲ့တယ်
မှူံရီဝိုးဝါး ပုံရိပ်တုအား
တကယ့်ပုံရိပ် စင်စစ်ထင်၍
ပြုံးပျော်ကာလည်း ပျော်ဖူးတယ်။

လေလှိုင်းထဲက ဝေဟင်ထဲဝယ်
ချိုသာကြည်နူး ရယ်ရွှင်မြူးသို့
သူ့စကားသံလား ကြားမိတယ်
ကြင်နာချစ်စကား ဖြစ်လိမ့်မလားလို့
စောင့်ပြီးတော့လဲ မျှော်ဖူးတယ်။

တကယ်တမ်းကျ လားလားမှမဟုတ်
စစ်မှန်ခြင်းမရှိ မာယာနှင်း၍
ငါ့မေတ္တာအား စတေးခဲ့တယ်။
ထိုသူ့ရင်မှာဘယ်လိုရှိမလဲ ရှာကာတွေးလဲ
ပုံရိပ်ယောင်သာဖြစ်ခဲ့တယ်။

ချစ်လှပါပြီ မြတ်နိုးသည်ဟု
ထိုထိုသူစကား ထိုလူများအား
ကြောက်လှပါပြီ မုသားချီလို့
ငါ့ဆီချည်းနှင်း ရောက်မလာပါစေနဲ့ဟု
ဆုတောင်းလို့ပဲနေမိတယ်.................
ရေးသားသူ....အဖြူရောင်
 

Friday, 18 May 2012

ဘ၀အတွေး

http://moemaka.files.wordpress.com/2011/04/mmtformln5.jpg


ငယ်စဉ်က ပျော်ရွှင်ကြ 
ဒို့များဘ၀မှာ ပူစရာဝေး
 ပျော်စရာအတွေးနဲ့ 
 အမိအဖ ကကျွေး 
 လူတလုံးသူတလုံးလေးပေါ့။ 
 အရွယ်ရောက်လာ ပညာရှာလို့ 
ပညာတွေစုံပေမဲ့ 
လူတကာတွေအကြားမှာ
 အလုပ်တွေကများကာ
 ကျရာဘ၀မှာ 
 ရွက်ကုန်ဖွင့်ကာ၊လွှင့်ကြရရှာ
 မိုးလင်းကမိုးချူပ်၊ 
တကုတ်ကုတ်လုပ်လို့ 
 စားဖို့ရှာရ၊ရှာဖို့စားရ
 ဒီလိုနဲ့ပဲတရွေ့ရွေ့ကုန်ဆုံး 
 ရယ်တလှဲ့၊ငိုတလှဲ့ 
 လောကဇာတ်ခုံနွှဲခဲ့ရအဖုံဖုံ၊ 
 ဘယ်လိုရယ်ရယ်၊ ဘယ်လိုငိုငို 
 တွေးကြည့်တော့လဲ 
 နောက်ဆုံးမှာတော့ဒါပါပဲလို့ 
 တွေးခါမိသေးဒို့များဘ၀အရေး
 . ရေးသားသူ=အဖြူရောင်

Monday, 9 April 2012

ချစ်သူသို့....ရင်ဖွင့်ခြင်း

ချစ်သူကို....
သိပ်ချစ်ခဲ့မိလို့
ချစ်သူရဲ့
အမုန်းခံရမှာစိုးမိတယ်
ချစ်သူကို....
သိပ်မြတ်နိုးတွယ်တာမိခဲ့လို့
ချစ်သူရဲ့လစ်လျူရှူမှုခံရမှာစိုးမိတယ်
မချစ်ဘူးခဲ့သူမို့
နာကျင်မှုခံစားရမှာစိုးမိတယ်
ချစ်သူ....
ဒို့ရဲ့အချစ်ကို
အထင်မသေးပါနဲ့ကွယ်
ချစ်သူအတွက်
အရာရာ....
လေးလေးနက်နက်တွေးခဲ့သူပါ
အချိန်တိုင်း....
ချစ်သူရဲ့စိုးမိုးမှုအောက်မှာ
လူးလွန့်ပျော်မွေ့နေသူပါ
ဒါကိုနားလည်(သိ)လျက်နဲ့
ဒို့ကိုအထင်မလွှဲလိုက်ပါနဲ့
ချစ်သူရယ်......♥♥♥

Saturday, 29 October 2011

~~အကယ်၍~~

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်။

အကယ်၍
အားလုံးက မင်းကိုမယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကိုမင်း နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိနေမယ်ဆိုရင်။

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်ရင်း
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်။

ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်။
ပြီးတော့ မင်းကိုယ်မင်း လူတော်တယောက်လို့ မမြင်ဘဲ
ပညာရှိစကားတွေကို မလွန်ဆန်ဘူးဆိုရင်။

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေနိုင်ဘဲစိတ်ကူးနိုင်မယ်ဆိုရင်။
ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်။

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်။

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ်ထောင်ခြောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆီးခဲ့တဲ့အရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ
အင်မတန်မှသေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလက် ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့
ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်

အကယ်၍
သူများတကာလုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်တဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့ မာန်နဲ့ သတ္တိရှိရှိဆက်ကြိုးစားနိုင်မယ်ဆိုရင်

အဲဒီလိုပဲ
မင်းမှာ စိတ်အားကလွဲပြီး ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အားကို ခိုင်မာစွာနဲ့ပဲ
ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါ
ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူလမ်းလျှောက်နေရပေမယ့်
မာန်မာနသွေးမကြွဘူးဆိုရင်။
အကယ်၍ပ
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင် မလုပ်စေနိုင်ရင်။

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်။

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်။

မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆိုစွမ်းဆောင်နိုင်တဲ့
လူတော်လူကောင်းတယောက်ပေါ့…. သူငယ်ချင်းရေ~~။


Wednesday, 19 October 2011

♥♫♥ ~~ဒီနေရာလေး မှာ………..ငါစောင့်နေတယ်~~♥♫♥

အဲဒီနေရာလေးမှာ

ခရမ်းရောင်ပန်းလေးတွေ

ငါစိုက်ပျိုးထားတယ်

နင်ပြန်လာရင် ကြည့်ဖို့ပေါ့



အဲဒီနေရာလေးမှာ

အနီရောင် နှင်းဆီပန်းလေးတွေ

ဖြန့် ကျဲထားတယ်

မောပန်းမွန်းကျပ်စွာနဲ့ ပြန်လာတဲ့

နင့်ကို အမောပြေစေချင်လို့



အဲဒီနေရာလေးမှာ

အ၀ါရောင်ဖဲကြိုးလေးတွေ

ချည်ထားတယ်

နင်ပြန်လာရင်

ငါနင့် ကိုချစ်ဆဲပဲဆိုတာ ကို

အလိုလိုနားလည်ဖို့ပါ…



ငါမငိုဘူး

ဘယ်တော့မှ မငိုဘူး

နင်ကိုသတိရလို့

နင့်ကို လွမ်းလို့

နင်ပြန်လာမယ် ဆိုတဲ့မျှော်လင့်ချက်ကြောင့်

ငါမျက်ရည် မကျခဲ့ ဘူး



ည တွေ



ညအိမ်မက်တွေထဲမှာ

နင်ပြန်ပြန် လာတယ်

နင်ရောက်ရောက်လာတယ်

နင်လက်ကို နွေးနွေးထွေးထွေး ဆုတ်ကိုင်မိတယ်



အိမ်မက်တွေထဲမှာဆိုပေမယ့်

နောက်ဆုံးကောက်ရိုး မျှင်လေးတစ်ခုလို

ငါမက်မောခဲ့တယ်





ပြီးခဲ့တဲ့ လပြည့်နေ့ညနေပိုင်းမှာ

ငါမျှော်လင့်ချက်တွေ

မြေခသွားခဲ့ပြန်တယ်…………..





ဆုတောင်းတယ်

ဒါပေမယ့် အခုထိ တော့

ငါဆုတောင်းတွေကို

ကံတရားက မျက်ကွယ်ပြုထားတုန်းပဲ။။။။





အဲဒီနေရာလေးမှာ…………….

အဲဒီနေရာလေးမှာ……………

အဲဒီနေရာလေးမှာပေါ့

ငါနင့်ကိုစောင့်နေခဲ့တယ်။

( ချစ်လှစွာသော အစ်မတစ်ယောက် ကိုကြည့်ပြီးစိတ်မကောင်းလို့ ရေးဖြစ်တဲ့ကဗျာ~~~)