ငယ်စဉ်က ပျော်ရွှင်ကြ ဒို့များဘ၀မှာ ပူစရာဝေး ပျော်စရာအတွေးနဲ့ အမိအဖ ကကျွေး လူတလုံးသူတလုံးလေးပေါ့။ အရွယ်ရောက်လာ ပညာရှာလို့ ပညာတွေစုံပေမဲ့ လူတကာတွေအကြားမှာ အလုပ်တွေကများကာ ကျရာဘ၀မှာ ရွက်ကုန်ဖွင့်ကာ၊လွှင့်ကြရရှာ မိုးလင်းကမိုးချူပ်၊ တကုတ်ကုတ်လုပ်လို့ စားဖို့ရှာရ၊ရှာဖို့စားရ ဒီလိုနဲ့ပဲတရွေ့ရွေ့ကုန်ဆုံး ရယ်တလှဲ့၊ငိုတလှဲ့ လောကဇာတ်ခုံနွှဲခဲ့ရအဖုံဖုံ၊ ဘယ်လိုရယ်ရယ်၊ ဘယ်လိုငိုငို တွေးကြည့်တော့လဲ နောက်ဆုံးမှာတော့ဒါပါပဲလို့ တွေးခါမိသေးဒို့များဘ၀အရေး . ရေးသားသူ=အဖြူရောင်
0 comments:
Post a Comment