
ကျွန်တော့်ဆိုဒ်လေးကိုလာရောက်လည်ပတ်ကြတဲ့သူငယ်ချင်းမိတ်ဆွေအားလုံး မင်္ဂလာပါခင်ဗျာ ကျွန်တော်ဒီနေ့ဆော့ဝဲဒေါင်းယူတဲ့နည်းကိုရှင်းပြသွားမှာဖြစ်ပါတယ် တစ်ချို့ သူငယ်ချင်းတွေကမေးကြပါတယ် ဒေါင်းတာမရဘူး ဒေါင်းလိုင်းတွေသေနေတယ် ဒီဆိုက်ထဲက ဆော့ဝဲတွေကို ဒေါင်းချင်ရင် စက်ထဲမှာ ဘာဆော့ဝဲတွေတင်ထားရမှာလဲ? လို့မေးလာလို့မရေးမဖြစ်ရေးလိုက်ရတာပါ သိပြီးသားသူတွေကတော့ဒီ post လေးကိုကျော်ဖတ်သွားကြပေါ့ဗျာ မိမိစက်ထဲမှာ Download software နှင့် Win Rar software နှစ်ခုရှိဖို့ လိုပါတယ် ကျွန်တော်တို့  တင်လိုက်တဲ့ဆော့ဝဲတွေဟာ Win Rar software ကိုအသုံးပြုပြီး ဖိုင်တွေကိုချုံ့ ပြီး rar ဖိုင်အမည်နဲ့ တင်ပါတယ် မိမိရဲ့စက်ထဲမှာWin Rar software မရှိရင်
ဒီလင့်မှာသွားရောက်ဒေါင်းယူပါနောက်တစ်ခုကတော့ Download software ပေါ့ဗျာဒေါင်းလုပ်ဆော့ဝဲမရှိရင်
ဒီစာမျက်နှာမှာဒေါင်းယူနိုင်ပါတယ်ဆော့ဝဲဒေါင်းနည်းကတော့အောက်မှာပုံလေးတွေနဲ့ရှင်းပြထားပါတယ် ကျွန်တော်အရင်တုန်းက mediafire ဆိုဒ်ကနေတင်တာတော်တော်များပါတယ် နောက်ပိုင်းဖျက်ဖျက်ချလို့ စိတ်မရှည်တာနဲ့ mirrorcreator ဝက်ဆိုဒ်ကနေ Upload လုပ်နေပါတယ် mirrorcreator ဆိုဒ်ကနေ Upload လုပ်ရင် ဆိုဒ်ပေါင်းဆယ်ဆိုဒ်လောက်ကို ရောက်ပါတယ် တခါတစ်လေရှစ်ဆိုဒ်လောက်ကိုတစ်နေရာထဲကနေUploadလုပ်ပေးနိုင်ပါတယ် အဲဒီလိုUploadလုပ်လိုက်တဲ့ဆော့ဝဲတွေက တစ်နှစ်ကျော်ကျော်လောက်လိုင်းတွေအလုပ်လုပ်နေတာကိုတွေ့ရပါတယ် ကျွန်တော့်အတွက်လည်းအဆင်ပြေသလို ကျွန်တော့်ဆိုဒ်လေးကိုမျက်စိလည်လာတဲ့သူငယ်ချင်းမိတ်ဆွေတွေလည်း အဆင်ပြေပါတယ်မိမိလိုအပ်နေတဲ့ ဆော့ဝဲတွေကို အချိန်အကုန်ခံပြီးလိုက်ရှာနေစရာမလိုအောင် ကျွန်တော်တို့ blogger သမားတွေက စေတနာမေတ္တာရှေ့ထားပြီးကိုယ်သိသလောက် တတ်သလောက်လေးတွေကို ပြန်လည်မျှဝေတင်ပြရခြင်းသာဖြင့်ပါတယ် ဆရာကြီးလည်းမဟုတ်ပါဘူး ဝါသနာအရ ကျွန်တော် ဒီဆိုဒ်လေးကို တည်ထောင်ထားခြင်းဖြစ်ပါတယ် ဟိုအရင်တုန်းက Blogger ဆိုဒ်တွေက free ရတယ်ဆိုလို့ ကိုယ်တိုင်စမ်းးသပ်ခြင်စိတ် ကလိခြင်စိတ်ရှိတာနဲ့ ဒီဆိုဒ်လေးကိုတည်ထောင်ဖြစ်သွားပါတယ်ခင်ဗျာ။ ဒီဆိုဒ်လေးထဲမှာ ကျွန်တော် သိသလောက်လေးတွေကို စုစည်းတင်ပြထားတဲ့ ဆော့ဝဲလေးတွေ အကြောင်းအရာလေးတွေဟာ ကျွန့်တော်လိုပဲ လေ့လာနေဆဲ သူငယ်ချင်းမိတ်ဆွေများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေမယ်ဆို ကျွန်တော် ၀မ်းသာပါတယ်ခင်ဗျာ။ ရေးရင်းနဲ့လျှာရှည်သွားပီ:) ဆော့ဝဲဒေါင်းယူနည်းကတော့ အောက်မှာပုံလေးတွေနဲ့ရှင်းပြထားပါတယ်ခင်ဗျာ www.ziddu.com ဆိုဒ်မှာဆိုရင်တော့အောက်ကပုံနံပါတ်တစ်နဲ့ နှစ်နဲ့ ရှိပါတယ်အရင်ဆုံး ပုံထဲကအတိုင်းလေး download ကိုနှိပ်ပါ နောက်စာမျက်နှာတစ်ခုကိုရောက်သွားပါလိပ်မယ် ပုံနံပါတ်နှစ်အတိုင်းလေးတွေ့ပါလိပ်မယ် ပုံထဲမှာပြထားတဲ့အတိုင်း ပြုလုပ်သွားပါ ( ၁ )

( ၂ )

WWW.bayfiles.net/ ဆိုဒ်ကတော့ ဒေါင်းရတာလွယ်ပါတယ် ( Premium Download )ဆိုတာကိုနှိပ်လိုက်ရုံပါပဲ

www.sharebeast.com/ဆိုဒ်မှာလည်းဒေါင်းရတာလွယ်ကူပါတယ်ပုံထဲကအတိုင်းမျှားပြထားတဲ့အစိမ်းရောင်ပုံထဲမှာDownload ကိုနှိပ်လိုက်ပါ

ဒီလောက်ဆိုရင်ဆော့ဝဲဒေါင်းတဲ့နည်းလမ်းလေးနာလည်သဘောပေါက်လောက်ပြီလို့ထင်ပါတယ် သူငယ်ချင်းအားလုံးအဆင်ပြေပါစေခင်ဗျာ
0 comments:
Post a Comment