အီးမေးလ်မှာဖတ်ချင်ရင်အောက်မှာSign In(Menber)ဝင်ကြပါလို့တောင်းဆိုပါရစေ။

Monday, 16 July 2012

Registry backup ပြုလုပ်ခြင်း

registry ထဲ ဝင်ဖို့ ဆိုရင် user တော်တော်များများက ကြောက်ကြပါတယ် ဘာကြောင့်လဲဆိုရင်တော့ ဘာဖြစ်လို့ ပေါ့နော် ..P အခု ကျွန်တော် လေ့လာမိထားသလောက် ကို ပြန်လည်ဝေမျှပေးတာပါ
စိတ်ဝင်စားရင် လုပ်ကြည့်လိုက်ပေါ့ ပျက်တော့လည်း ပျက်ပေါ့နော် တရားသဘောနဲ့ ဖြေပေါ့ ပစ္စည်း သင်္ခါရ  လူ သင်္ခါရ ပေါ့ဗျာ ..:p   အလကား  စတာ..P  ပိုက်ဆံပေးရရင် စဘူး  ...:p   ကဲ   လေရှည်နေတာနဲ့ လိုရင်းကို
မရောက်တော့ဘူး   စလိုက်ကြရအောင်   ပုံနဲ့ တော့ မရှင်းပြတော့ဘူးဗျာ  လွယ်ပါတယ်  ကွန် မကောင်းလို့ ပါ   ပထမဆုံး  run box ကို ခေါ်လိုက်ပေါ့  ပြီးရင် regedit  လို့  ရိုက်ထည့်လိုက်ပါ  ပြီးရင် enter ပေါ့

ပြီးရင် registry box လေး ကျလာပါလိမ့်မယ်  အဲဒီမှာ  file ဆိုတာလေးကို  ကလစ်ပါ ပြီးရင်  export ကို  ရွေးပေါ့   box တစ်ခု ထပ်ကျလာပါမယ်  အဲဒီမှာ   မိမိ သိမ်းထားချင်တဲ့ နေရာ ကို ရွေးပါ   သတိထားရမှာက
windows မသွင်းထားတဲ့  harddisk  drive တစ်ခုခုမှာ သိမ်းထားသင့်ပါတယ် ...ဥပမာ   drive  D:\, E:\ ,F:\ ပေါ့

ပြီးရင်  fine name မှာ မိမိ နှစ်သက်တဲ့  နာမည် တစ်ခုကို  ထည့်လိုက်ပေါ့  save as type ကတော့ registration file (*.reg)  ပေါ့  များသောအားဖြင့် အလိုလျောက်ပေးထားတတ်ပါတယ်  export range  မှာတော့ all ပေါ့
ပြီးရင် save button ကို ကလစ်ပြီးစေ့လိုက်ပေါ့ ဗျာ   ဒါဆိုရင်   registry  backup  လုပ်တဲ့ အပိုင်း ပြီးသွားပါပြီ...

မိမိစက်  virous ကြောင့် ပဲဖြစ်ဖြစ်  ကွန်ပျုတာ မှာ  တစ်ခုခု ဖြစ်ခဲ့ ရင်   သိမ်းထားတဲ့ နေရာကို သွားပြီး  သိမ်းထားသော  backup  ဖိုင်ကို  ကလစ်ဖွင့်လိုက်သည်နှင့်  အလိုလျှောက် ပြန်လည် restore လုပ်ပေးသွားပါလိမ့်မည်..
ဘယ်လိုလဲ  လွယ်တယ်ဟုတ်...

လေ့လာမိသမျှကို  ပြန်လည်မျှဝေ ပေးခြင်းပါ


အားလုံး  ကိုယ်စိတ်နှစ်ဖျာ  ကျမ်းမာ ရွှင်လန်း  ပါစေကြောင်း ဆုမွန်ကောင်း  တောင်းလျှက် 

(အကြင်နာနန်း)

0 comments:

Post a Comment