
Adobe Illustrator နဲ့ပါတ်သတ်ပြီး Tutorial တင်ပေးဖို့တောင်းဆိုထားတဲ့ ကျွန်တော့်ဆိုဒ်ထဲမှမိတ်ဆွေကိုအကြောင်းပြုပြီ ကိုညီနေမင်းဆီမှ ဖတ်လိုက်ရတဲ့ Illustrator ရဲ့ အဓိကသော့ချက်များအီးဘွတ်ကို အခြားမိတ်ဆွေများလည်းလေ့လာလို့ရအောင် မျှဝေပေးလိုက်ပါတယ်။ Graphic Design ပိုင်းကိုလေ့လာမဲ့သူများအတွက် Adobe Photoshop ကိုလေ့လာသလို Adobe အုပ်စု ဖြစ်တဲ့ Illustrator လေးကိုပါလေ့လာသင့်ပါတယ်။ သူငယ်ချင်းတို့လော့လာကြည့်ပါ Illustrator ထဲမှာ Vector Image တွေကိုရေးဆွဲတဲ့အခါအတော်လေးပြောင်ပြောင်မြောက်မြောက်ရေးဆွဲနိုင်ပါတယ်။ ဒါ့အပြင် မိမိလုပ်ငန်းပေါ်မှာမူတည်ပြီး Logo တွေ သရုပ်ဖော်ပန်းချီဒီဇိုင်းတွေ မိမိစိတ်ကူးညဏ်ကောင်းသလောက် ကွန့်ပြီးမွန်းမံချယ်သနိုင်ပါတယ်။ အရောင်အသွေးစုံစွာနဲ့ဒီဇိုင်းတွေဖန်တီးနိင်သလို Illustrator ထဲမှာဖန်တီးထားတဲ့ပုံများကို အခြား application တွေကိုပို့ပြီးသုံးနိုင်ပါတယ်။ အခြားapplication ထဲကရုပ်ပုံတွေကိုလည်း ယူငင်သုံးဆွဲနိုင်ပါတယ်ခင်ဗျာ။ အသေးစိတ်တွေကိုဒီစာအုပ်လေးထဲမှာ အသေအချာအသေးစိတ် tools တခုခြင်းစီးရဲ့အသုံးပြုပုံ ၊ Menu သုံးပုံ တွေကိုဖော်ပြထားပါတယ် ခင်ဗျာ။ မိတ်ဆွေတွေအားလုံး ဒီဇိုင်းလှလှလေးတွေဖန်တီးနိုင်ကြပြီး ကျေနပ်ပျော်ရွှင်ကြလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ အကြင်နာနန်း

0 comments:
Post a Comment