အီးမေးလ်မှာဖတ်ချင်ရင်အောက်မှာSign In(Menber)ဝင်ကြပါလို့တောင်းဆိုပါရစေ။

Monday, 18 June 2012

mavis beacon teaches typing platinum 20 free full download

ဒီဆော့ဝဲလေးကတော့ ကွန်ပျူတာကို အခုမှစသုံးတဲ့ သူတွေအတွက် ၊လက်ကွက်ကိုအခြေခံတကျရိုက်တတ်ဖို့အတွက် အသုံးဝင်တဲ့ဆော့ဝဲလေးပါ။ တကမ္ဘာလုံးက typing tutor (လက်ကွက်လေ့ကျင့်သည့် software) တွေအားလုံး ထဲမှာဆိုရင် ရွှေတံဆိပ်ဆုရရှိထားတဲ့ software ဖြစ်သလို သင်တန်းတိုင်းမှာလည်းပဲ လက်လွှတ်လို့ကို မရတဲ့ လက်ကွက်လေ့ကျင့်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ software ဖြစ်ပါတယ်. ကျွန်မတို့သင်တန်းမှာလဲ ဒီဆော့ဝဲလေးကိုသုံးပြိးသင်တဲ့အခါ အရမ်းကိုအဆင်ပြေပါတယ်ရှင်။ ကလေးငယ်များကအစလက်ကွက်ကိုစနစ်တကျနဲ့ လျှင်မြန်စွာရိုက်တတ်လာပါတယ်။ ပြီးတော့သူ့မှာ စာချည်းရိုက်ရုံမဟုတ်ပဲ စိတ်ဝငိစားစရာကောင်းတဲ့ TYPING GAME တွေလဲအများကြီးပါပါတယ်။ အထဲမှာ ပါတဲ့ step by step တစ်ဆင့်ချင်းဆီကို လက်ကွက်ရဲ့ လက်မြန်နှုန်းထားကို လိုက်ပြီးတော့မှ ချိန်ပြီးတော့ မြင့်သွားတာဖြစ်ပါတယ်. ပြီးတော့ အဆင့်ချင်းတိုင်းဟာလည်းပဲ တကယ့်ကို စနစ်တကျနိုင်လွန်းပါတယ်. လက်ကွက်ပုံစံနှင့် လက်ထားရမည့်ပုံစံကိုပါ ပါရှိပါတယ်။ ဆိုဒ်ကတော့ 100 MB ပဲရှိပါတယ်။ Typing ထဲဝင်ရတဲ့ပုံစံကတော့ Instrall လုပ်ပြီးရင် Desktop ပေါ်မှာ MB ပုံလေးနဲ့ Icon လေးပေါ်နေပါလိမ့်မယ် အဲဒီမှာ ကလစ်နှစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ New မှာကလစ်နှိပ်ပါမယ်။ Name ရိုက်ပါမယ်။ ကလစ် OK ။Taking a Lesson ကိုရွေးပါ OK မှာကလစ်နှိပ်ပါမယ်။ First Beginner Typist ကိုရွေးပါမယ်။ ကွန်ပျူတာသုံးတာကြာပေမဲ့ Typing ကိုစနစ်တကျမရိုက်တတ်သေးသောသူများ အားလုံးအဆင်ပြေကြပါစေရှင်။ ဖြူစင်သောမေတ္တာဖြင့် ဆော့ဝဲကဒီမှာဒေါင်းယူနိုင်ပါကြောင်း

0 comments:

Post a Comment