မေး ။ ။ ကွန်ပျူတာမှာ ဗိုင်းရပ်စ်တွေ မ၀င်အောင် ဘယ်လို ကာကွယ်ရမလဲ ဆရာ
။ဖြေ ။ ။ ကွန်ပျူတာကို ပိတ်ထားပါ။ ပိုပြီးသေချာအောင် ကွန်ပျူတာ မီးပလပ်ကိုပါ ဖြုတ်ထားလိုက်ပါ
။မေး ။ ။ ကွန်ပျုတာထဲကို ဗိုင်းရပ်စ်ဝင်လာပြီဆိုရင် ဘယ်လိုရှင်းထုတ်ရသလဲဆရာ။
ဖြေ ။ ။ Hard disk ကိုဖြုတ်ပါ။ ပြီးနောက် ရေနွေးပူပူထဲကိုထည့်ပြုတ်လိုက်ပါ။ပိုပြီးသေချာသွားအောင် တူဖြင့်ထုပါ
။မေး ။ ။ အင်တာနက်ကဖေးဆိုတာဘာလဲဆရာ
။ဖြေ ။ ။ အင်တာနက်ကဖေးဆိုတာ အင်တာနက် အသုံးပြုခနဲ့ နေ့တွက်မကိုက်လို့ ကော်ဖီပါတွဲရောင်းနေရတဲ့ အင်တာနက်ဆိုင်ထင်ပါရဲ့။
မေး ။ ။ အွန်လိုင်းဆိုတာ ဘာလဲဆရာ
။ဖြေ ။ ။ အွန်စောရဲ့ညီမပေါ့ကွယ်
။မေး ။ ။ vzo မှာ ကိုယ့်ရုပ်သွင်ပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဆရာ
။ဖြေ ။ ။ ၀တ်ကန်တပ်လိုက်ပါ။ အဆင်မပြေသေးရင်တော့ ဆင်ကန်တပ်ဖို့လိုအပ်ပါလိမ့်မယ်။
မေး ။ ။ ဆရာ၊ သမီးရဲ့စက်ထဲမှာ နိုးနိုးဂျက်မ ဗိုင်းရပ်စ်ဝင်လာတယ် ဆရာ။ ဘယ်လိုဖြေရှင်းရမလဲ
။ဖြေ ။ ။ သမီးရဲ့ စက်ထဲကို ဟောင်ကောင်ဂျက်မအခွေသာ ထည့်လိုက်ပါ။ ဟောင်ကောင်ဂျက်မက နိုးနိုးဂျက်မကို တိုက်ခိုက်ပါလိမ့်မယ်။
မေး ။ ။ အန်တီဗိုင်းရပ်စ် (antivirus) တွေ မနေနိုင်တဲ့ဗိုင်းရပ်စ်တွေ ရှိသလားဆရာ။ ဖြေပါဦး
။ဖြေ ။ ။ အန်တီဗိုင်းရပ်စ်တွေ မနေနိုင်တာ အဖြစ်နိုင်ဆုံးကတော့ အန်ကယ် ဗိုင်းရပ်စ်ဘဲဖြစ်မယ်ထင်ပါတယ်
။မေး ။ ။ သမီး ကွန်ပျူတာထဲက ဖိုင်တွေမှာ `မင်းကိုချစ်တယ်´ ဗိုင်းရပစ်င်္တေ ၀င်လာတယ်ဆရာ။ကွန်ပျုတာကို Windows ပြန်တင်လိုက်မှရမလားဆရာ။အကောင်းဆုံးနည်းကိုပေးပါဦးဆရာ။ ဖြေ ။ ။ အကောင်းဆုံးနည်းလမ်းကတော့ သူ့ကိုချစ်တယ်လို့ ပြန်ဖြေလိုက်ပါ။

မှတ်ချက် ။ ။ Mobile Guide 16May. 2011 ထုတ်ဂျာနယ် စာမျက်နှာ 34 မှ ကူးယူဖော်ပြထားချင်းဖြစ်သည်
0 comments:
Post a Comment